ဟာကိုလူဘက်စ် သို့မဟုတ် ဂြိုလ်နီကြီး
လူသားမျိုးနွယ်အတွက် စာအုပ်
အခမဲ့စာအုပ်

ဒီစာအုပ်မှာ ကျွန်တော် တပ်အပ်ဖော်ပြသွားမယ့်အရာကတော့ သိပ်မကြာခင်မှာ ဖြစ်လာမယ့် ပရောဖက်ပြုချက်တစ်ခုဖြစ်ပါတယ်။ ကမ္ဘာပျက်မှာကို ကျွန်တော် အသေအချာသိနေတာကြောင့်ပါ။ စာဖတ်သူတွေကို ခြောက်လှန့်နေတာမဟုတ်ပါဘူး၊ သတိပေးနေတာပါ။ ဒီသနားစရာ လူသားမျိုးနွယ်ကိုယ်စား ကျွန်တော်စိတ်ဆင်းရဲရပါတယ်။ ဒီဖြစ်ရပ်တွေ ဖြစ်လာဖို့ အချိန်သိပ်မလိုတော့တဲ့အတွက် ထင်ယောင်ထင်မှားဖြစ်စေတဲ့ အရာတွေပြောပြီး အချိန်ဖြုန်းနေလို့မရပါဘူး။ - V.M. Rabolu

ကမ္ဘာအနှံ့ရှိ အရပ်ဒေသတိုင်းတွင် ကမ္ဘာမြေကြီး၏ အဆုံးသတ်ချိန်နှင့်ပတ်သက်၍ ထုံးတမ်းစဉ်လာများနှင့် ပရောဖက်ပြုချက်များကို တွေ့ရှိနိုင်ပါသည်၊ ၎င်းတို့အားလုံးသည် တစ်ခုနှင့်တစ်ခု ဆင်တူကြပါတယ်။

ထိုခန့်မှန်းချက်အများစုသည် ကျွန်ုပ်တို့အား ကမ္ဘာမြေပေါ်တွင် မကြာမီဖြစ်ပေါ်မည့် ဝင်ရိုးပြောင်းလဲမှု၊ အကျိုးဆက်အနေဖြင့် ရေခဲတောင်များ အရည်ပျော်ကျမှုနှင့် ပြင်းထန်သော ငလျင်နှင့် ဆူနာမီများကြောင့် များပြားသော ကုန်းမြေပျောက်ဆုံးမှုများကဲ့သို့သော ကပ်ဘေးဆိုးကြီးများအကြောင်း သတိပေးပါသည်။

တူညီသည့်အရာတစ်ခုခုရှိသည့် ပရောဖက်ပြုချက်များ မရေမတွက်နိုင်အောင်ရှိပါသည် – ၎င်းတို့သည် အထူးသဖြင့် ကျွန်ုပ်တို့ကမ္ဘာမြေအနား နီးကပ်လာနေသည့် ဧရာမဂြိုလ်ကြီးတစ်ခု၏ ချဉ်းကပ်မှုအကြောင်းကို အခါအားလျော်စွာ ဖော်ပြကြပါသည်။ ထိုဂြိုလ်ကြီးသည် ယခင်အဖြစ်အပျက်များတွင် လီမူးရီးယားနှင့် အတ္တလန်တစ်ရှိ လူမူတိုးတက်မှုများကို အမြစ်ပြတ်ချေမှုန်းခဲ့သော ကပ်ဆိုးများကို ဖြစ်ပေါ်စေရန် ကျွန်ုပ်တို့၏ နေအဖွဲ့အစည်းသို့ ရောက်လာခဲ့ပြီးဖြစ်ပါသည်။ ယခုအခါ ၎င်းသည် ကျွန်ုပ်တို့၏ လက်ရှိလူမူတိုးတက်မှုကို အဆုံးသတ်ရန်အတွက် လာရောက်မည်ဖြစ်ပြီး ခေတ်သစ်ကို ရောက်ရှိစေမည်ဖြစ်ပါသည်။

၎င်းကို အမည်အမျိုးမျိုးရှိသည့် များစွာသော ထုံးတမ်းစဉ်လာများ၊ ပရောဖက်ပြုချက်များနှင့် ဓမ္မစာအုပ်များဖြစ်သည့် Baal၊ ဂြိုလ်အေးကြီး၊ ဂြိုလ်နီကြီး၊ Wormwood၊ Ajenjo၊ ဟာကိုလူဘက်စ်၊ Barnard I နှင့် အခြားအရာများစွာတွင် အသိအမှတ်ပြုထားပါသည်။ အဆိုပါဂြိုလ်ကြီးကို အဝေးကြည့်မှန်ပြောင်းများဖြင့် မြင်တွေ့နေနိုင်ပြီးဖြစ်ပြီး ၎င်း၏ အရွယ်အစားသည် ကြာသပတေးဂြိုလ်၏ ခြောက်ဆနီးပါးရှိပါသည်။

သေလိုက်မွေးလိုက်ဖြင့် သံသရာလည်နေသော စနစ်ကြီးတွင် အရာအားလုံးသည် ၎င်းတို့၏ အစ သို့မဟုတ် အဆုံးသို့ ပြန်သွားကြရစမြဲဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ယခင်အဖြစ်အပျက်တွင် ဟာကိုလူဘက်စ်သည် အတ္တလန်တစ် လူမှုတိုးတက်မှုကို အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအချက်အလက်များကို ကိုးကွယ်ယုံကြည်မှုနှင့် ယဉ်ကျေးမှုးအမျိုးမျိုး၏ ‘ကမ္ဘာလုံးဆိုင်ရာ ရေကြီးမှုများ’ အားလုံးမှတစ်ဆင့် ဖော်ပြထားပါသည်။

အဆိုပါ ကမ္ဘာ့အလွန်ဖြစ်ရပ်အကြောင်းကို လူအများက ပြောဆိုပြီးဖြစ်ပါသည်။ ၎င်းတို့အနက် ဆရာကြီး V.M. Rabolu လည်း တစ်ဦးအပါအဝင်ဖြစ်သည်၊ ဆရာကြီးသည် အဆိုပါကောင်းကင်ဘုံမှလာသော ဂြိုလ်ကြီးအပေါ် သုတေသနပြုလုပ်နိုင်စေသည့် သတိတရားနိုးထလာမှု၏ စွမ်းအင်များကို အသုံးပြုခြင်းဖြင့် ထိုဂြိုလ်ကြီး၏ ချဉ်းကပ်လာမှုအကြောင်း စုံစမ်းခဲ့ပါသည်။ Alcione အသင်းအဖွဲ့က ကမ္ဘာအနှံ့ အခမဲ့ပေးပို့သော ‘ဟာကိုလူဘက်စ် သို့မဟုတ် ဂြိုလ်နီကြီး’ ဟူ၍ ခေါင်းစဉ်မှည့်ထားသည့် သူ၏ စာအုပ်တွင် ဤကဲ့သို့ရေးသားထားပါသည် –

‘ဟာကိုလူဘက်စ်က ကမ္ဘာဂြိုလ်နဲ့ ပိုမိုနီးကပ်လာပြီး နေနဲ့ တစ်တန်းတည်းဖြစ်တဲ့အခါ လူတွေကို သေစေနိုင်တဲ့ ကပ်ရောဂါတွေက ကမ္ဘာတစ်ခုလုံးအနှံ့မှာ စတင်ပျံ့နှံ့လာမှာဖြစ်ပါတယ်။ ဒီကပ်ရောဂါတွေက ဘာအမျိုးအစားတွေလဲ၊ ဘယ်လို ကုသနိုင်မလဲဆိုတာကို ဆရာဝန်တွေရော၊ သိပ္ပံပညာရှင်တွေရော သိရှိကြမှာမဟုတ်ပါဘူး။ ဒီကပ်ရောဂါတွေနဲ့ ရင်ဆိုင်ရတဲ့အခါ သူတို့မှာ ဘာပါဝါမှ ရှိမှာမဟုတ်ပါဘူး။’

‘မြေတုန်မှုတွေ၊ ငလျင်လှုပ်မှုတွေ၊ ဆူနာမီတွေနဲ့ ပြည့်နေတဲ့ မှောက်မိုက်ပြီး ကြေကွဲစရာကောင်းတဲ့ အချိန်ကာလတစ်ခု ရောက်လာပါလိမ့်မယ်။ မစားနိုင်၊ မအိပ်နိုင်ဖြစ်လာတဲ့အခါ လူသားမျိုးနွယ်တွေက စိတ်တ္တဇရောဂါတွေ ရလာပါလိမ့်မယ်။ အန္တရာယ်နဲ့ရင်ဆိုင်ရတဲ့အခါ လုံး၀ရူးသွပ်ပြီး လူအမြောက်အမြားက
အမြင့်ကနေ အတူတကွ ခုန်ချပြီး သတ်သေကြပါလိမ့်မယ်။’

V.M. Rabolu

နားလည်ရခက်ခဲနက်နဲသည့် အသိပညာပိုင်းဆိုင်ရာအကြောင်း သုတေသနပြုလုပ်သူဖြစ်သော ကိုလံဘီယာနိုင်ငံသား ဆရာကြီး V.M. Rabolu သည် အဆိုပါအန္တရာယ်အကြောင်း လူသားမျိုးနွယ်ထံ သတိပေးရန်အတွက် မိန့်ကြားပြောဆိုခဲ့ပါသည်။ ၎င်းသည် အမှန်စင်စစ်တွင် ကျွန်ုပ်တို့၏ လူမှုတိုးတက်မှုနှင့် ယဉ်ကျေးမှုကို အဆုံးသတ်စေနိုင်ကြောင်း ထောက်ပြခဲ့ပါသည်။ ဤစာအုပ်တွင် သူသည် ကျွန်ုပ်တို့၏ စိတ်ပိုင်းဆိုင်ရာ အပြစ်အနာအဆာများကို ဖယ်ရှားရန် နည်းလမ်းနှင့် ဝိညာဉ်လွှင့်ခြင်းအတွက် နည်းပညာများကိုသာ မကြာမီဆိုက်ရောက်တော့မည့် ကပ်ဆိုးကြီးမှ လွတ်မြောက်နိုင်ရန် လက်ရှိတည်ရှိသော နည်းလမ်းများအဖြစ် သင်ကြားပေးထားပါသည်။

ဆရာကြီး V.M. Rabolu သည် အောက်ပါအတိုင်း ပြောကြား၍ သူ့စာအုပ်ကို အဆုံးသတ်ခဲ့ပါသည် –

‘ချစ်ရပါသော စာဖတ်သူ – သင့်ဘက်ကနေ သေသေချာချာ စတင်လုပ်ကိုင်ဖို့ လိုအပ်ကြောင်းကို နားလည်အောင်လို့ ကျွန်တော် အရမ်းကို ရှင်းရှင်းလင်းလင်း ပြောနေတာဖြစ်ပါတယ်။ လိုက်လုပ်တဲ့သူအားလုံးက အန္တရာယ်ကနေ ကယ်တင်ခံရမှာဖြစ်ပါတယ်။ ကိုယ့်ဘက်ကနေ သီအိုရီတွေ လုပ်ကြံဖန်တီးတာတွေ၊ ဆွေးနွေးတာတွေ လုပ်ရမယ့်အချိန်မဟုတ်ပါဘူး၊ ဒီစာအုပ်မှာ ကျွန်တော်ပေးအပ်နေတဲ့ စစ်မှန်တဲ့ သင်ကြားပြသမှုကို ခံစားရအောင် လုပ်ရမှာဖြစ်ပါတယ်။ တခြားနည်းလမ်းမရှိပါဘူး။’

Alcyone အသင်းအဖွဲ့

‘ဟာကိုလူဘက်စ် သို့မဟုတ် ဂြိုလ်နီကြီး’ စာအုပ်အား ဖြန့်ဖြူးရာတွင် ကိုယ်စားလှယ်-ပူးပေါင်းဆောင်ရွက်သူအဖြစ် ခန့်အပ်ခံထားရသည့် အကျိုးအမြတ်မယူသော အဖွဲ့အစည်း။

စာရေးဆရာ – Joaquín Amórtegui Valbuena (V.M. Rabolu)
ထုတ်ဝေသူ – Ángel Prats

Alcyone အသင်းအဖွဲ့အား ပြည်ထဲရေး ဝန်ကြီးဌာန၊ အဖွဲ့ 1၊ အခန်း 1 တွင် အမျိုးသားမှတ်ပုံတင်အမှတ် 588698 ဖြင့် မှတ်ပုံတင်ထားပါသည်၊ ၎င်း၏ ရုံးချုပ်သည် Burgos၊ PO Box 4၊ 09080 Burgos (စပိန်) တွင် တည်ရှိပါသည်။

စာရေးဆရာအကြောင်း

V.M. Rabolu (1926 – 2000)
V.M. Rabolu (1926 – 2000)

ဆရာကြီး V.M. Rabolu (1926 – 2000) ကို တိုလီမာ (ကိုလံဘီယာ) မှာ မွေးဖွားခဲ့ပါတယ်။ 1952 ခုနှစ်မှာ သူက အသိပညာအစစ်အမှန်ကို ရှာတွေ့ခဲ့ပြီး နှစ်ပေါင်းများစွာ ရှုပ်ထွေးနက်နဲတဲ့ အလေ့အကျင့်တွေကနေတစ်ဆင့် သူ့ကို ကမ္ဘာ့အနှံ့ကျော်ကြားတဲ့ ဝိညာဉ်ရေးရာ လမ်းညွှန်တစ်ဦးအဖြစ် တဖြည်းဖြည်းချင်း ပြောင်းလဲပေးခဲ့တဲ့ ထူးခြားတဲ့ စွမ်းအင်တွေကို ရရှိခဲ့ပါတယ်။

ကျွန်ုပ်တို့ကို စောင့်မျှော်နေတဲ့ အနာဂတ်အကြောင်း သိရှိထားတဲ့အတွက် ဆရာကြီးက လူသားမျိုးနွယ်ကို ကိုယ့်ကိုယ်ပိုင် ဝိညာဉ်ရေးရာ ပြန်လည်ဖွားမြင်မှုကို ရရှိနိုင်စေမယ့် နည်းလမ်းတွေ သင်ကြားပေးဖို့ အားထုတ်ခဲ့ပါတယ်။ ဒါကြောင့် 1970 ခုနှစ်ကျော်ကနေစပြီး အမြဲတမ်း ကိုယ်ကျိုးမငဲ့အနစ်နာခံပြီး စာပေဟောပြောမှု၊ သင်တန်းနှင့် နိုင်ငံတကာအဆင့်ရှိတဲ့ ညီလာခံတွေကနေတစ်ဆင့် စစ်မှန်တဲ့ပညာကို လူသိရှင်ကြား သင်ကြားပေးတဲ့ အားထုတ်မှုအမြောက်အမြားလိုအပ်တဲ့ အလုပ်ကို စတင်လုပ်ခဲ့ပါတယ်။

1998 ခုနှစ်မှာ “ဟာကိုလူဘက်စ် သို့မဟုတ် ဂြိုလ်နီကြီး” စာအုပ်ကို သူရေးသားခဲ့ပါတယ်။ သူ့ရဲ့ သတိတရားရှိတဲ့ တိုက်ရိုက်အတွေ့အကြုံအပေါ် အခြေပြုပြီး ဆရာကြီး V.M. Rabolu က ကျွန်ုပ်တို့ရဲ့ ကမ္ဘာမြေပေါ်မှာ တိုတောင်းတဲ့အချိန်ကာလအတွင်း ဖြစ်လာမယ့် ဆိုးရွားတဲ့ဖြစ်ရပ်တွေအကြောင်း ဖော်ပြပြီး နက်နဲတဲ့ ပြောင်းလဲမှုတစ်ခုကို လုပ်ဆောင်ဖို့ လူသားမျိုးနွယ်တွေ လိုက်နာနိုင်တဲ့ လမ်းကြောင်းကို ရှင်းပြထားပါတယ်။ ဒီခေတ်ကာလမှာ သူ့စာအုပ်ထဲပါဝင်တဲ့ ဖော်ပြချက်တွေဟာ သူ့ရဲ့သင်ကြားမှုတွေကနေ အကျိုးကျေးဇူးရရှိထားတဲ့ နိုင်ငံပေါင်း 80 ကျော်က စာဖတ်သူအမြောက်အမြားရဲ့ အသိအမှတ်ပြုချက်ကို ရရှိထားပါတယ်။

“ကျွန်တော်က ကြောက်အောင်ခြောက်နေတဲ့သူမဟုတ်ပါဘူး။ ဖြစ်လာမယ့်အရာနဲ့ ဘာတွေဖြစ်မလဲဆိုတာကို သတိပေးနေတဲ့ လူသားတစ်ယောက်သာဖြစ်ပါတယ်။”

V.M. Rabolu

ဆရာကြီး V.M. Rabolu က နိုးထလာတဲ့ အသိတရားပိုင်ဆိုင်တဲ့ အလွန်ရှားပါးတဲ့လူတွေထဲက တစ်ဦးဖြစ်ပါတယ်။ ပစ္စည်းဥစ္စာတပ်မက်တဲ့ဝါဒနှင့် တန်ဖိုးထားမှုတွေ ကင်းမဲ့ချက်ဟာ ပိုပိုပြီး လမ်းပျောက်လာတဲ့ လူ့အဖွဲ့အစည်းတစ်ခုရဲ့ ထင်ရှားတဲ့ လက္ခဏာတွေဖြစ်လာတဲ့ ဒီအချိန်တွေမှာ ဆရာကြီးရဲ့ သင်ကြားပြသမှုတွေကို မဖြစ်မနေလိုအပ်လာပါတယ်။

ဂါထာများ

ဤအပိုင်းကဏ္ဍတွင် သင့်အနေဖြင့် မှန်ကန်တိကျသော အသံထွက်မှုကို သိစေရန် ဆရာကြီး V.M. Rabolu က ဝိညာဉ်လွှင့်ခြင်းအတွက် ဂါထာများရွတ်ဆိုမှုကို သင်နားထောင်နိုင်ပါသည်။

FA RA ON

LA RA S

ALCYONE အသင်းအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း

Alcyone အသင်းအဖွဲ့သည် တရားဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုအနေနှင့် ၎င်း၏ လှုပ်ရှားမှုများအားလုံးကို မည်သို့သော ငွေကြေးအကျိုးအမြတ်အမျိုးအစားမျှမရှိဘဲ ကိုယ်ကျိုးမငဲ့စွာ ဆောင်ရွက်ပေးပါသည်။

Alcyone အသင်းအဖွဲ့သည် ‘ဟာကိုလူဘက်စ် သို့မဟုတ် ဂြိုလ်နီကြီး’ စာအုပ်၏ ထုတ်ဝေသူ မစ္စတာ Angel Prats အတွက် ကိုယ်စားလှယ်-ပူးပေါင်းဆောင်ရွက်သူအဖြစ် ပြုမူဆောင်ရွက်ပေးပါသည်၊ ထို့ကြောင့် ၎င်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ အဆိုပါစာအုပ်အား နိုင်ငံတကာတွင် ဖြန့်ဝေပေးရန်ဖြစ်ပါသည်။ အဆိုပါအကြောင်းပြချက်အတွက် Alcyone အသင်းအဖွဲ့၏ အဓိကလှုပ်ရှားမှုတွင် ယင်းစာအုပ်နှင့် ၎င်း၏ လူထုတစ်ရပ်လုံးနှင့်သက်ဆိုင်သော သတင်းစကားကို စိတ်ဝင်စားသည့်မည်သူမဆိုထံ ခွဲခြားမှုမရှိဘဲ ဖြန့်ချိပေးရန်အတွက် ကမ္ဘာအနှံ့ရှိ မည်သည့်နေရာမဆိုထံ အခမဲ့စာအုပ်မိတ္တူများကို ပေးပို့ပေးခြင်း ပါဝင်ပါသည်။

ယခုအချိန်အထိ ဤဖြန့်ဖြူးရေးကမ်းပိန်းသည် ‘ဟာကိုလူဘက်စ် သို့မဟုတ် ဂြိုလ်နီကြီး’ စာအုပ်၏ အခမဲ့မိတ္တူကို ထောင်ပေါင်းများစွာသော စာဖတ်သူများရရှိနိုင်စေရန် ပေးပို့ထားပြီးဖြစ်ပါသည်။ လက်ရှိတွင် တောင်းဆိုမှုအရေအတွက်သည် တစ်နေ့ထက်တစ်နေ့ ပို၍များပြားလာလျက်ရှိပါသည်။ အဆိုပါအောင်မြင်မှုကြီးကြောင့် ဤဖြန့်ဖြူးရေးကမ်းပိန်းကို ဆက်လက်လုပ်ဆောင်ရန် ရည်မှန်းချက်ကို ကျွန်ုပ်တို့သတ်မှတ်လိုက်ပါသည်။

များပြားလှသော မှာယူမှုအရေအတွက်ကြောင့် ရရှိနိုင်မှုအပေါ်မူတည်၍ ကျွန်ုပ်တို့သည် လက်ရှိတွင် စာအုပ်အား ပုံနှိပ်ထားသည့် ပုံစံဖြင့်သော်လည်းကောင်း၊ အွန်လိုင်းပုံစံဖြင့်သော်လည်းကောင်း ပေးပို့ပါသည်။

ကျေးဇူးပြု၍ အောက်ပါဗီဒီယိုအား ဒေါင်းလုတ်ဆွဲ၍ သူငယ်ချင်းများနှင့် အသိမိတ်ဆွေများထံ အီးမေးလ်ဖြင့် ပေးပို့ပေးခြင်းဖြင့် ဤစာအုပ်အား ဖြန့်ချိရာတွင် ကျွန်ုပ်တို့အား ကူညီပေးပါ။

ကျွန်ုပ်တို့၏ အသင်းအဖွဲ့သို့ သင်ဆက်သွယ်လိုပါက သို့မဟုတ် ဆရာကြီး V.M. Rabolu ၏ စာအုပ်နှင့် သတင်းစကားကို ဖြန့်ချိမှုနှင့်ပတ်သက်၍ စာအုပ်ထုတ်ဝေသူနှင့် ပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားပါက သို့မဟုတ် ကျွန်ုပ်တို့နှင့် ပိုမိုဆက်သွယ်ပြီး ပူးပေါင်းဆောင်ရွက်လိုပါက အောက်ပါလိပ်စာတစ်ခုခုသို့ စာရေးသားပေးပို့နိုင်ပါသည် –

အီးမေးလ်လိပ်စာ – [email protected]

စာတိုက်လိပ်စာ –
Alcyone Association
P.O. Box 4, 09080 Burgos (Spain)

သင့်အခမဲ့စာအုပ်အား တောင်းဆိုပါ

ဘာသာစကားများစွာ ပြန်ဆိုထားပါသည်။
ဤသို့ ရေးသားပေးပို့ခြင်းဖြင့် တောင်းဆိုပါ – [email protected]
သို့မဟုတ် အောက်ပါဖောင်ပုံစံကို အသုံးပြုပါ –

မှာယူမှု ဖောင်ပုံစံ

သင့်တောင်းဆိုချက်ကို စီမံဆောင်ရွက်ပေးရန်အတွက် ကြယ် (*) ပြထားသော အချက်အလက်များကို လိုအပ်ပါသည်။ အဆိုပါအချက်အလက်များကို ဤစာအုပ်မှာယူမှုအတွက်သီးသန့်သာ ကောက်ခံပြီး အသုံးပြုပါသည်။

ဤစာအုပ်အား လက်ခံရရှိရန်အတွက် မှန်ကန်သော အီးမေးလ်လိပ်စာတစ်ခုကို သင်ထည့်သွင်းရပါမည်။

သင့်မှာယူမှုအား လုပ်ဆောင်ရန် ဤဘောက်စ်အား ဖတ်ရှု၍ အတည်ပြုပါ။

‘တင်သွင်းမည်’ ခလုတ်အား နှိပ်ခြင်းဖြင့် ကိုယ်ရေးလုံခြုံမှု မူဝါဒတွင် သတ်မှတ်ထားသော ရည်ရွယ်ချက်များအတွက် စည်မျဉ်းများနှင့်အညီ အချက်အလက်များကို ကိုင်တွယ်ဆောင်ရွက်မှုအတွက် သင်သဘောတူညီပါသည်။

Alcyone Association